စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

 

■ အင်တာမီလန် နှင့် တိုရီနို ( တနင်္ဂနွေညနေ ၆ း၀၀ )

ဒီရာသီ အိမ်ကွင်းအကောင်းဆုံးအသင်းတွေထဲမှာ အင်တာမီလန် ပါဝင်နေပြီး (၅)ပွဲကစား၊ (၅)ပွဲစလုံးအနိုင်ရထားပါတယ်။ တိုရီနိုက အဝေးကွင်းနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး နောက်ဆုံး(၄)ပွဲဆက် အနည်းဆုံး(၂)ဂိုးပေးထားရပါတယ်။ တိုရီနိုနဲ့တွေ့တိုင်း အင်တာမီလန် ရုန်းကန်ရလေ့ရှိပေမယ့် ဒီတစ်ခါ အနိုင်သေချာပါတယ်။

■ ကာဂလီယာရီ နှင့် ဗီရိုနာ ( တနင်္ဂနွေည ၈ း၃၀ )

ပက်ဇီနီ ဂိုးပေါက်ပြန်တွေ့နေတာ ဗီရိုနာအတွက် အားတက်စရာဆိုပေမယ့် အဝေးကွင်းမှာ ခံစစ်မလုံခြုံမှုကို ပြင်ဆင်ရပါဦးမယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ကာဂလီယာရီ အနိုင်ရထားပြီး ဒီပွဲမှာလည်း ဗီရိုနာကို အသာစီးယူကစားသွားနိုင်မယ်လို့ ထင်ပါတယ်။ ဗီရိုနာ သရေတစ်မှတ်ထက် ပိုမျှော်လင့်လို့ မရဘဲ ကာဂလီယာရီ အနိုင်ရဖို့ များနေပါတယ်။

■ ချီယေဗို နှင့် နာပိုလီ ( တနင်္ဂနွေည ၈ း၃၀ )

နောက်ဆုံး(၂)ပွဲဆက် (၄)ဂိုးစီပေးခဲ့ရပြီး ချီယေဗို ရှုံးပွဲ တွေ့ထားပါတယ်။ အသင်းက ရာသီအစကလိုမဟုတ်ဘဲ ဟန်ချက်ပျက်နေပြီး ဂိုးတွေနဲ့အတူ ရှေ့ဆက်နေတဲ့ နာပိုလီကို ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဒီရာသီ အဝေးကွင်း (၆)ပွဲမှာ (၆)ပွဲစလုံး အနိုင်ရထားတဲ့ နာပိုလီကြောင့် ချီယေဗို တစ်မှတ်ထက်ပိုမရနိုင် ပါဘူး။ နာပိုလီ ဂိုးပြတ်၊ မပြတ်ပဲ စဉ်းစားရမယ်။

■ ဖီအိုရင်တီးနား နှင့် ရိုးမား ( တနင်္ဂနွေည ၈ း၃၀ )

နည်းပြဒီဖရန်ဆက်စကိုလက်ထဲမှာ ရိုးမားဟာ တဖြည်းဖြည်းနဲ့ အသားကျလာပြီ။ အရင်ရာသီတွေကလို တိုက်စစ်အလွန် အကျွံကစားတတ်တဲ့ ပုံစံမျိုး သိပ်မမြင်ရတော့ဘူး။ ခံစစ်ထုထည်ကို တည်ငြိမ်စွာတည်ဆောက်ပြီး တောင်ပံတိုက်စစ်ကစားပုံ၊ လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေကို အဓိကလက်နက်အဖြစ် အသုံးပြုနေပါတယ်။ အဝေးကွင်းမှာ နောက်ဆုံး(၄)ပွဲဆက် ဂိုးမပေးရ အောင်ကစားထားနိုင်ပြီး စီးရီးအေအဝေးကွင်း နောက်ဆုံး (၁၁)ပွဲဆက် အနိုင်ရထားပါတယ်။ ရိုးမားရဲ့ လက်ရှိအဝေးကွင်းတည်ရှိမှု အညွှန်းကိန်းတွေက ဖီအိုရင်တီးနားအတွက် ခက်ခဲစေမှာအမှန်ပါပဲ။ ပြီးတော့ ဒီရာသီမှာ ဖီအိုရင်တီးနားက အိမ်ကွင်းအဖွင့်ပွဲတစ်ပွဲသာ ရှုံးနိမ့်ထားပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားထားနိုင်ပေမယ့် ပြိုင်ဘက်တွေထဲမှာ အသင်းကြီးတွေ မပါဝင်သေးလို့ အခုပွဲက ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းခြေစွမ်းအမှန်ကို စမ်းသပ်မယ့်ပွဲမျိုးဖြစ်နေတယ်။ ရိုးမားရဲ့ တောင်ပံတိုက်စစ်တွေကို ဖီအိုရင်တီးနား ထိန်းချုပ်ဖို့ မလွယ်ပေမယ့် အိမ်ကွင်းမှာ အမှတ်ရအောင် ကစားနိုင်စွမ်းရှိနေပါတယ်။

ပွဲကြိုအချက်အလက်များ

■ ဖီအိုရင်တီးနားအသင်းသည် စီးရီးအေအိမ်ကွင်းနောက်ဆုံး (၈)ပွဲတွင် ရှုံးပွဲ (၁)ပွဲသာရှိခဲ့ပြီး (၂)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲမှာလည်း (၆)ပွဲ အထိရှိခဲ့သည်။
■ ရိုးမားအသင်းသည် စီးရီးအေနောက်ဆုံး(၅)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

■ ဂျူဗင်တပ်စ် နှင့် ဘင်နီဗန်တို ( တနင်္ဂနွေည ၈ း၃၀ )

ဘင်နီဗင်တိုက စီးရီးအေအဆင့်အတန်းနဲ့ မလျော်ညီတဲ့ ပုံစံမျိုးဖြစ်နေပြီး ခံစစ်ဆိုးရွားသလို၊ တိုက်စစ်ကစားပုံကလည်း စိတ်ပျက်စရာကောင်းနေတယ်။ ဂျူဗင်တပ်စ်လိုအသင်းကို အ ဝေးကွင်းမှာ ဂိုးပြတ်မရှုံးအောင်ပဲ ဦးစားပေးရုန်းကန်ရမယ်ထင်တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ပဲ အနည်းဆုံး (၂)ဂိုးပြတ်သွင်းပြီး အနိုင်ရအောင် ကစားသွားပါလိမ့်မယ်။

■ လာဇီယို နှင့် အူဒီးနီးစ် ( တနင်္ဂနွေည ၈ း၃၀ )

လာဇီယိုအတွက် ဒီရာသီစီးရီးအေပြိုင်ပွဲမှာ (၁၄)ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူး အီမိုဘီလီ ကစားဖို့မသေချာဘူးဖြစ်နေတယ်။ သူသာမပါခဲ့ရင် လာဇီယိုအတွက် အကြီးမားဆုံးအခက်အခဲဖြစ်လာလိမ့်မယ်။ အူဒီးနီးစ်ရဲ့ ကစားဟန်က မာဂုဏ်ပြန်လည်မြင့်မားလာလို့ လာဇီယို (၂)ဂိုးပြတ်နိုင်ဖို့ခက်တယ်။

■ အတ္တလန်တာ နှင့် SPAL ( တနင်္ဂနွေည ၁၁ း၃၀ )

SPAL က စီးရီးအေနောက်ဆုံး (၄)ပွဲဆက် အရေးနိမ့် ထားတယ်။ အဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ တစ်ပွဲပျမ်းမျှ(၁၀)ဂိုး အထိပေးထားရလို့ အိမ်ကွင်းမှာ ဂိုးပိုရတတ်တဲ့ အတ္တလန်တာကို ဂိုးပေးရဖို့ သေချာနေပါတယ်။ အတ္တလန်တာရဲ့ အိမ်ကွင်းနိုင်ပွဲတစ်ပွဲကို ထပ်မံမြင်ရဦးမှာဖြစ်ပြီး (၂)ဂိုးပြတ်နိုင်တယ်။

■ ဆာဆူအိုလို နှင့် အေစီမီလန် ( တနင်္လာနံနက် ၂ း၁၅ )

ဆာဆူအိုလိုက အရင်လို အိမ်ကွင်းမာဂုဏ်မရှိတော့ဘူး။ အိမ်ကွင်းနောက်ဆုံး(၃)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးထားပါတယ်။ အစဉ်အလာအရ အေစီမီလန်ကို ဆာဆူအိုလို အခက် တွေ့အောင်လုပ်နိုင်ပေမယ့် ဖိအားတွေအောက်က ရုန်းထွက်ချင်နေတဲ့ အေစီမီလန်ကြောင့် ဆာဆူအိုလို အိမ်ကွင်းမှာနိုင်ပွဲရဖို့ ဝေးနေပါသေးတယ်။ အေစီမီလန် နိုင်မယ်။