လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

ဆွမ်ဆီး နှင့် မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

ဆွမ်ဆီးက နောက်ဆုံး(၄)ပွဲမှာ မန်ယူကို အနိုင်ကစားထား တဲ့ ဟတ်ဒါဖီးလ်တစ်သင်းတည်းကိုပဲ နိုင်ပြီး ကျန်(၃)ပွဲ အရေး နိမ့်ခဲ့ရတယ်။ မန်ယူကတော့ ဟတ်ဒါဖီးလ်ပွဲအရှုံးကို သိက္ခာပြန် ဆယ်ရမယ့်အပြင် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ ဖိအားမရှိတာ၊ လက်ရှိချန်ပီယံအသင်းရဲ့ ဂုဏ်သိက္ခာပိုင်းတွေ ကြောင့် လိဂ်ဖလားပွဲကို လက်လွတ်စပယ်ကစားမှာမဟုတ်ဘူး။ မန်ယူ အနိုင်ကစားသွားဖို့များတယ်။

ဘုန်းမောက် နှင့် မစ်ဒယ်ဘရော့ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

မစ်ဒယ်ဘရော့အသင်း လိဂ်ချန်ပီယံရှစ်မှာတောင် အခြေ အနေမကောင်းပါဘူး။ ဒါပေမဲ့ ဇယားအလယ်နားရောက်နေလို့ ဘာဖိအားမှမရှိတာတော့ ထည့်တွက်ရမယ်။ ဘုန်းမောက်က တော့ ပရီးမီးယားလိဂ်ကိုပဲ အာရုံနှစ်ထားတော့မယ့်ပုံပါ။ မစ်ဒယ် ဘရော့ကိုပဲ ရွေးချင်တယ်။

အာဆင်နယ် နှင့် နောဝစ်ချ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အခြေအ နေမကောင်းတော့လို့ ဖလားပွဲတွေမှာ ဖိဖိစီးစီးကစားနေတယ်။ အရံကစားသမားတချို့ကို လူငယ်တွေနဲ့တွဲဖက်အသုံးပြုနေတဲ့ အာစင်ဝင်းဂါးရဲ့နည်းဗျူဟာပိုင်းက လိဂ်ဖလားပွဲမှာ အလုပ်ဖြစ် နိုင်ပါတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် နောဝစ်ချ် ရလဒ်ပိုင်းမဆိုး ပါဘူး။ ဒါပေမဲ့ အာဆင်နယ် အနိမ့်ဆုံး(၂)ဂိုးလောက်ပြတ်မယ်။

ဘရစ္စတိုးလ်စီးတီး နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

ဘရစ္စတိုးလ်စီးတီးအသင်းက လိဂ်ချန်ပီယံရှစ်တန်းတက် ဇုန်ထဲမှာ ရပ်တည်နေတဲ့အသင်းပါ။ နောက်ဆုံးပွဲမှာ လိဒ်စ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့် အိမ်ကွင်းမှာ အထိုက်အလျောက် မာကျောမှုရှိပါတယ်။ ပဲလေ့စ် ခြေစွမ်းတက်လာပေမယ့် အိမ်ရှင် ဘက်ကပဲ ရပ်တည်သင့်တယ်။

လက်စတာ နှင့် လိဒ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

လက်စတာအသင်းက ယာယီနည်းပြရဲ့ပွဲဦးထွက်မှာ နိုင်ပွဲပြန်တွေ့ပြီး အဖွင့်လှခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ရုန်းကန် နေရတဲ့အနေအထားဖြစ်ပေမယ့် ယာယီနည်းပြကတော့ အိမ် ကွင်းပရိသတ်ရှေ့မှာ မျက်နှာပျက်ခံမှာမဟုတ်ပါဘူး။ လိဒ်စ်က တော့ လိဂ်ချန်ပီယံရှစ်တန်းတက်ဇုန်ဘက်ကိုပဲ အာရုံရောက်နေ နိုင်တယ်။ လက်စတာ ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

မန်စီးတီး နှင့် ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၃၀ နာရီ)

ဝုလ်ဗ်အသင်းရဲ့ကစားသမားပိုင်းက ပရီးမီးယားလိဂ်တန်း အဆင့်လောက်ရှိတယ်။ ဒါပေမဲ့ ဝုလ်ဗ်အနေနဲ့ ဒီပွဲ ခြေကုန်ထုတ် ရင်တောင် မန်စီးတီးလိုအသင်းမျိုးကို ကျော်ဖြတ်နိုင်မယ့်အင် အားမျိုးမရှိပါဘူး။ တန်းတက်ခွင့်ရဖို့အတွက် လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲကိုပဲ ဝုလ်ဗ် ခေါင်းထဲပိုထည့်လိမ့်မယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အရံအများစုကိုပဲ ထုတ်သုံးဖို့များပေမယ့် လို အပ်သလောက် ဂိုးပြတ်သွင်းလိမ့်မယ်။