စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကွန်တီကို ထပ်မံအရှုံးပေးခဲ့ရတဲ့ မော်ရင်ဟို

ပြီးခဲ့တဲ့ရာသီက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ မော်ရင်ဟိုဟာ
အခုတစ်ပွဲမှာလည်း ချယ်လ်ဆီးကို အသာမရခဲ့ဘဲ ရှုံးပွဲနဲ့ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။
ပေါ့ဘာ မပါကတည်းက အားနည်းခဲ့တဲ့ မန်ယူကွင်းလယ်ဟာ အခုပွဲမှာ အဆိုးရွား
ဆုံးဖြစ်ခဲ့ပြီး ဖန်တီးမှုမရှိသလို အမှားလည်းများခဲ့တယ်။ ကွန်တေ ပြန်ပါလာတဲ့
ချယ်လ်ဆီးကွင်းလယ်က မန်ယူကို အသာစီးယူခဲ့ပြီး ဟာဇက်ကလည်း ပုံမှန်ခြေစွမ်း
ပြသနိုင်ခဲ့ပါတယ်။

ပထမပိုင်း ပွဲအစမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဟာဇက်ရဲ့ အပိုင်ကန်ချက်
ကို ဒီဂီယာ အကောင်းဆုံးကာကွယ်နိုင်ခဲ့သလို၊ မန်ယူအသင်းဘက်ကလည်း ရပ်ရှ်
ဖို့ဒ်၊ လူကာကူတို့ အခွင့်အရေးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘူး။ ပွဲချိန်ကြာလာတာနဲ့အမျှ
မန်ယူအသင်း ကစားကွက်က အမှားများလာပြီး ကွင်းလယ်တိုက်စစ်အဖြစ် ကစား
တဲ့ မစ်ခီတာရီယန် ခြေမပေါ်တာကြောင့် အထောင်တိုက်စစ်မှူး လူကာကူလည်း ဘာ
မှ မလုပ်နိုင်ခဲ့ဘူး။ နောက်တန်းမှာ ဖီးလ်ဂျုံးစ်ကတော့ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး နေရာယူ
ပုံ၊ ဘောလုံးဖျက်ထုတ်ပုံတွေက စိတ်ပျက်စရာပါ။

ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသောဂိုးကို (၅၅)မိနစ်မှာအက်ဇ်ပီလီကွယ်တာ
ရဲ့ ဖြတ်တင်ဘောကနေ မိုရာတာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့တာဖြစ်
ပါတယ်။ အဲဒီဂိုးပေးခဲ့ရတာကလည်း မန်ယူနောက်ခံလူတွေရဲ့ လူကပ်ပုံ အားနည်းချက်
ကြောင့်လို့ ပြောရမှာပါ။ မော်ရင်ဟိုဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖယ်လေနီကို
လူစားလဲခဲ့ပြီး ဖယ်လေနီ ဝင်လာတဲ့နောက်ပိုင်း ချယ်လ်ဆီးဘက်ကို အမြင့်ဘောတွေနဲ့
ခြိမ်းခြောက်ခဲ့ပေမဲ့လည်း သူ့ရဲ့အမှားတွေကြောင့် ဂိုးပေးရလုနီးပါးဖြစ်ခဲ့ရတယ်။ ပွဲပြီးခါနီး
မှာ ဖယ်လေနီ အပိုင်ဂိုးကန်သွင်းချက်ရခဲ့ပေမဲ့ ကော်တိုအာ ကာကွယ်နိုင်ခဲ့ပါတယ်။ တစ်ပွဲ
လုံးခြုံကြည့်ရင် စိတ်ဓာတ်မရှိ၊ ခြေစွမ်းအားရစရာမရှိခဲ့တဲ့ မန်ယူအသင်း ထိုက်တန်တဲ့ရလဒ်
တစ်ခုရရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။