မာရီယာဟာရီကိန်း ပွာတိုရီကိုသို့ ဝင်မွှေသွားခဲ့

အီမာဟာရီကိန်းနှင့် မာရီယာဟာရီကိန်းတို့ကြောင့် စိန့်မာတင်တွင် ပျက်စီးနေမှုအား စက်တင်ဘာ ၂၀ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo း AFP)

ရာစုနှစ်၏ မုန်တိုင်းဟု တင်စားခံရသည့် မာရီယာဟာရီကိန်းသည် ပွာတိုရီကိုကျွန်းသို့  စက်တင်ဘာ ၂၀ ရက်က ဝင်ရောက်သွားခဲ့ပြီး တစ်ကျွန်းလုံးကို လျှပ်စစ်မီးပြတ်တောက်စေခဲ့သည်။ လူ ၃ ဒသမ ၄ သန်း နေထိုင်သော   ပွာတိုရီကို၏ မြောက်ဘက် ဘာရာမွန်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး မာရီယာကြောင့် ကာရစ်ဘီယံတွင် လူ ၁၀ ဦးသေဆုံးခဲ့သည်။

ပွာတိုရီကိုအုပ်ချုပ်ရေးမှူး ရီကာဒိုရိုဆယ်လိုက မာရီယာသည် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးမုန်တိုင်းဟု ပြောကြားခဲ့သည်။ မာရီယာသည် Saffir – Simpson စကေးတွင် အဆင့် ၄ အဆင့်ရှိ မုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ပြီး ကနဦးလေတိုက်နှုန်းသည် တစ်နာရီမိုင် ၁၅၀ ကျော်ရှိခဲ့သည်။

မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ကျွန်းတစ်ဝိုက်တွင် တည်ထောင်ထားသော ယာယီတဲစခန်း ၅၀၀ တွင် ပွာတိုရီကိုဒေသခံအများ စုနေထိုင်နေကြရသည်။ အုပ်ချုပ်ရေးမှူးရို ဆယ်လိုက စက်တင်ဘာ ၂၃ ရက် မတိုင်မီ အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ကာဖျူးထုတ်ပြန်ထားခဲ့ပြီး ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားနိုင်သည်ဟု သတိပေးခဲ့သည်။ ပွာတိုရီကိုတွင် အပြင်းထန်ဆုံး ဟာရီကိန်းသည် ၁၉၂၈ ခုနှစ်က ဝင်ရောက်ခဲ့သော အိုကီချိုဘီဟာရီကိန်းဖြစ်ပြီး လူ ၃၀၀ သေဆုံးစေခဲ့သည်။

မာရီယာကြောင့် ကာရစ်ဘီယံကျွန်း အများအပြား ပျက်စီးခဲ့ပြီးဖြစ်သည်။ ဒိုမီကာတွင် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြင်သစ်ပိုင်နက် ဂူအာဒီလိုပူတွင် သစ်ပင်လဲကျမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ပင်လယ်ကမ်းစပ်တွင် တစ်ဦးသေဆုံးခဲ့သည်။

Ref း AFP