ဝင်ဘလေကွင်း ပရီးမီးယားလိဂ်ပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးနေဆဲ စပါး

 

ပရီးမီးယားလိဂ် ပွဲစဉ်(၅) စနေည နောက်ဆုံးပွဲစဉ်အဖြစ် စပါးနဲ့ ဆွမ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး (ဝ-၀)ဂိုး သရေကျခဲ့ပါတယ်။

စပါးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် ကစားခဲ့ရပေမယ့် ဟာရီကန်း၊ အယ်လီ၊ အဲရစ်ဆင် အပါအဝင် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန်အများစုမှာ စပါးအသင်းက ပွဲကိုစိုးမိုးထားပြီး ဘောလုံးပိုင်ဆိုင်မှု (၇၅)ရာခိုင်နှုန်းအထိရခဲ့သလို၊ ကန်သွင်းမှုပေါင်းလည်း (၂၆)ကြိမ်အထိ ရှိခဲ့တာပါ။

Photo: DailyMail

ဒါပေမဲ့ ဆွမ်ဆီးအသင်းက ခံစစ်အထိုင်ကစားကာ စပါးတိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်သွားခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပေမယ့် သရေရလဒ်ရယူနိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ ၂၀၁၆ ဇန်နဝါရီမှာ လက်စတာအသင်းကို (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ပွဲ(၃၀)မှာ ပထမဆုံး ဂိုးပေါက်ပျောက်ခဲ့တာပါ။

ဒါ့အပြင် ဝင်ဘလေကွင်း မှတ်တမ်းဆိုးကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပြီး ပရီးမီးယားလိဂ် အိမ်ကွင်း (၃)ပွဲကစားခဲ့ပြီဖြစ်ပေမယ့် နိုင်ပွဲပျောက်ဆုံးနေဆဲပါ။

■ ပရီးမီးယားလိဂ် ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ဝ-၁ ဆောက်သမ်တန်
ဟတ်ဒါဖီးလ် ၁-၁ လက်စတာ
လီဗာပူးလ် ၁-၁ ဘန်လေ
နယူးကာဆယ် ၂-၁ စတုတ်စီးတီး
ဝက်ဖို့ဒ် ဝ-၆ မန်စီးတီး
ဝက်စ်ဘရွန်း ဝ-၀ ဝက်စ်ဟမ်း
စပါး ဝ-၀ ဆွမ်ဆီး

■ လာလီဂါ ရလဒ်များ
လီဗန်တေး ၁-၁ ဗလင်စီယာ
ဂီတာဖေး ၁-၂ ဘာစီလိုနာ
ဘက်တစ် ၂-၁ ဒီပို့တီဗို

■ စီးရီးအေ ရလဒ်များ
ခရိုတိုနီ ဝ-၂ အင်တာမီလန်
ဖီအိုရင်တီးနား ၂-၁ ဘိုလော့ဂ်နာ

■ ဘွန်ဒစ်လီဂါ ရလဒ်များ
ဘိုင်ယန်မြူးနစ် ၄-၀ မိန့်ဇ်
ဝါဒါဘရီမင် ၁-၂ ရှော်လ်ကေး
ဖရန့်ဖတ် ၁-၂ အော့စ်ဘတ်
စတုဂတ် ၁-၀ ဝုလ်ဖ်ဘတ်
လိုက်ပ်ဇစ် ၂-၂ မိုချန်ဂလာဘတ်

■ ပြင်သစ်လီဂူး ရလဒ်များ
မိုနာကို ၃-၀ စထရာဘိုး

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘာမင်ဂမ် ၁-၃ ပရက်စတန်
ဘရန့်ဖို့ဒ် ၁-၁ ရက်ဒင်း
ဘရစ္စတိုးလ်စီးတီး ၄-၁ ဒါဘီ
ဘာတန် ၂-၁ ဖူလ်ဟမ်
ကာဒစ်ဖ် ၁-၁ ရှက်ဖီးဝင်းစ်ဒေး
ဟားလ်စီးတီး ၁-၁ ဆန်းဒါးလန်း
အစ်ဝစ်ချ် ၂-၀ ဘော်လ်တန်
မစ်ဒယ်ဘရော့ ၃-၂ QPR
မီဝေါလ် ၁-၀ လိဒ်စ်
နော်တင်ဟမ် ၁-၂ ဝုလ်ဗ်
ရှက်ဖီးယူနိုက်တက် ဝ-၁ နောဝစ်ချ်
ဘန်စလေ ဝ-၃ အက်စတွန်ဗီလာ