လှည်းကူးမြို့နယ်တွင် သိမ်းဆည်းရမိသည့် ကျည်ဆန် ၉၅၀၀ ကျော်ကို မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့သို့ ရောင်းစားရန် တပ်မတော်မှ ဗိုလ်ကြီးဆိုသူမှတစ်ဆင့် ပို့ဆောင်ရန် ပြုလုပ်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟု ကျူးလွန်သူ ထွက်ဆို

လှည်းကူးမြို့နယ်တွင် သိမ်းဆည်းရမိခဲ့သည့် ၅ ဒသမ ၅၆ မီလီမီတာ ကျည်ဆန်အတောင့် ၉၅၀၀ ကျော်အား မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ထံသို့ ရောင်းစားရန် တပ်မတော်က ဗိုလ်ကြီးဆိုသူထံမှတဆင့် ပို့ဆောင်ရန်ပြုလုပ်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ကျူးလွန်သူ ဇော်ဇော်ထက်လူက ထွက်ဆိုခဲ့ကြောင်း အောက်တိုဘာ ၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာရှိ အဝေးပြေးကားလက်မှတ် ရောင်းသည့် ဆိုင်တစ်ဆိုင်သို့ အမျိုးသားတစ်ဦး သုံးဘီးဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သံသေတ္တာ နှစ်လုံးအား မူဆယ်မြို့သို့ ပို့ဆောင်ရန်အတွက် အပ်နှံခဲ့ကြောင်း၊ ထို့နောက် ဖုန်းနံပါတ်တစ်ခုကိုလည်း ဆက်သွယ်ရန် ဆိုင်သို့ပေးခဲ့ကြောင်း သိရသည်။

ကားလက်မှတ် အရောင်းဆိုင်မှ ညနေပိုင်းတွင် ရောက်ရှိလာသည့် ခရီးသည်တင်ယာဉ်ဖြင့် အဆိုပါ သေတ္တာနှစ်လုံးကို တင်ဆောင်စဉ် လေးလံသဖြင့် ခရီးသည်တင်ယာဉ်က မတင်ဆောင်ဘဲ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်မှလူများက သုံးဘီးဆိုင်ကယ်ဖြင့် အမျိုးသားပေးခဲ့သည့်ဖုန်းကို ဆက်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ကြောင်း၊ ထို့နောက် ဆိုင်မှလူများက သေတ္တာနှစ်လုံးအား ဖွင့်ကြည့်ရာ အတွင်း၌ကျည်ဆန်များ တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက စစ်ဆေးရာ အဆိုပါ သေတ္တာနှစ်လုံးအတွင်းမှ ၅ ဒသမ ၅၆ မီလီမီတာ ကျည် ၉၅၀၄ တောင့်အား တွေ့ရှိခဲ့ပြီး လှည်းကူးမြို့မရဲစခန်းက (ပ) ၁၀၂၇/၂၀၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ) ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာ ကျူးလွန်သူမှာ လှိုင်သာယာမြို့နယ်နေ ဇော်ဇော်ထက်လူ (၄၃ နှစ်) ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် စမ်းချောင်းမြို့နယ် ပြည်ဂါးဒင်း အိမ်ရာဝင်ပေါက်အနီးတွင် မာစီဒီး အမျိုးအစားယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့နယ်ရှိ နေအိမ်အား တာဝန်ရှိသူများမှ ဆက်လက် ဝင်ရောက်ရှာဖွေရာ နေအိမ်အခန်းအတွင်းမှ S&B 7.65 Br 13 MM (.32 Auto) ကျည်အတောင့် ၁၀၀ အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

၎င်းအား လှိုင်သာယာမြို့မရဲစခန်းက (ပ) ၃၆၉၁/၂၀၁၈၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် ထပ်မံအမှုဖွင့်ပြီး အသေးစိတ်ကို ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်ထက်လူအား စစ်ဆေးရာ ၁၉၉၃ ခုနှစ်တွင် White Scorpion ကုမ္ပဏီ၏ ဂိုဏ်းအဖွဲ့တွင် အလုပ်လုပ်ကိုင်ခဲ့မှုကြောင့် ၂၀၀၁ ခုနှစ် သြဂုတ်လခန့်တွင် တပ်မတော်​က ဖမ်းဆီးအရေးယူခဲ့ရာ အရေးပေါ်စီမံမှု အက်ဥပဒေ ၅( ဃ )/၆ဖြင်​အရေးယူခံရပြီး စစ်ခုံရုံးဖြင့် စစ်ဆေး၍ ထောင်ဒဏ် ၁၂ နှစ်​ ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇွန်လခန့်တွင် လွတ်​ငြိမ်းချမ်းသာခွင်​့ဖြင်​့ အင်​းစိန်​​ထောင်​မှ ပြန်​လည် ​လွတ်​​မြောက်​လာခဲ့​ကြောင်​း သိရသည်။

ထောင်​မှ လွတ်​​မြောက်​လာပြီး​​နောက်​ ​ေ​ဇာ်​​ဇော်​ထက်​လူမှာ ကားကုမ္ပဏီတစ်​ခု၌ လုပ်​ကိုင်​ခဲ့ပြီး နိုင်​ငံခြားမှ ​မော်​​တော်​ယာဉ်​သွင်​းခြင်​းနှင်​့ ယာဉ်​ဆက်​စပ်​ ပစ္စည်​းများအား မြဝတီမှတစ်​ဆင်​့ တင်​သွင်​းခြင်​းများ လုပ်​ကိုင်​ခဲ့​ကြောင်​း သိရသည်​။

ယင်​းသို့ လုပ်​ကိုင်​ခဲ့ပြီး ​မြောက်​ဒဂုံမြို့နယ်​​နေ အစ်​မဝမ်​းကွဲ​တော်​စပ်​သူ ခင်​ပွန်​းဖြစ်သည်​့ ဗိုလ်​ကြီး ညီညီ​ဇော်​ဆိုသူနှင်​့ ရင်းနှီးခဲ့ပြီး မိမိမှာ ကားပစ္စည်​း တင်​သွင်​းခြင်​း၊ လိုင်​စင်​မဲ့​ မော်​တော်​ယာဉ်​များ တင်​သွင်​းခြင်​းတို့ကို လုပ်​ကိုင်​နေသည်ဟု ​ပြောဆိုခဲ့​​​ကြောင်​း၊ ​နောက်ပိုင်​းတွင်​ ဗိုလ်​​ကြီး ညီညီ​ဇော်​ဆိုသူက မြဝတီမှ မူဆယ်​သို့ တပ​်​​ပြောင်​းရမည်​ဖြစ်​ကာ ​ငွေ​ကြေး လိုအပ်​သဖြင်​့ ကားပစ္စည်​းများကို အခ​ကြေး​ငွေယူ၍ သယ်​​ပေးလိုသည်​ဟု ​ပြောဆိုခဲ့ကြောင်​း သိရသည်​။

ယင်​း​နောက်​ ​ဇော်​​ဇော်​ထက်​လူမှာ မဲ​ဆောက်​မြို့မှ လိုင်​စင်​မဲ့ ​မော်​​တော်​ယာဉ်​များ ဝယ်​ယူ၍ လိုင်​စင်​မဲ့​ယာဉ်​အဖြစ်​​သော်​ လည်းကောင်​း၊ ကားများအား ဖျက်​၍ ကားပစ္စည်​းအ​နေဖြင်​့ လည်​း​ကောင်​း ရန်​ကုန်​မြို့သို့ တင်​သွင်​းမှုများ လုပ်​ကိုင်​ခဲ့ပြီး ပို့​ဆောင်​ရာတွင်​ အဆင်​​ပြေ​စွာ ​ဆောက်​ရွက်​​ပေးနိုင်​သည်​့ မဲ​ဆောက်​မြို့​နေ ကိုတိဆိုသူနှင်​့ ရင်​းနှီးခဲ့​ကြောင်​း စစ်​​ဆေးချက်​အရ သိရသည်​။

၂၀၁၇ ခုနှစ်​ ဧပြီလတွင်​ မူဆယ်​မှ လိုင်​စင်​မဲ့ကား ​ရောင်​းဝယ်​လုပ်​သူတစ်​ဦး၏ မိတ်​ဆက်​​ပေးမှု​ကြောင်​့ ​ကောင်​းခါး ပြည်​သူ့စစ်​အဖွဲ့မှ အိုက်​ရန် (၂၈ နှစ်)ဆိုသူနှင်​့ ခင်​မင်​ရင်​းနှီးခဲ့​ကြောင်​း၊ အိုက်​ရန်​၏ မိတ်​ဆက်​​ပေးမှု​ကြောင်​့ လုံထန်​ပြည်​သူ့စစ်အဖွဲ့ ​စော​ဝေ ဆိုသူနှင်​့ ထပ်​မံခင်​မင်​ခဲ့ပြီး ၎င်းတို့တွင်​ ကျည်​ဆန်​အခက်​အခဲများ ရှိ​နေ​သဖြင်​့ ၉ မမ ကျည်​ဆန်​များ ဝယ်​ယူလိုသည်​ဟု​ ပြောပြခဲ့​ကြောင်း  သိရသည်​။

ယင်​း​နောက်​ ​ဇော်​​ဇော်​ထက်​လူမှာ မူဆယ်​မြို့မှ ပြန်​လာပြီး​နောက်​ ၉ မမ ကျည်​များရရှိရန်​ မြဝတီမှ ကိုတိအား ဆက်​သွယ်​ခဲ့ရာ ကိုတိက ကျည်​ဆန်​များ ရမည်​ဟု​ပြောဆို​ခဲ့​​ပြီး​နောက်​၂၀၁၈ ခုနှစ်​ ​ဖေ​ဖော်​၀ါရီလတွင်​ ​ဇော်​​ဇော်​ထက်​လူမှာ ကိုတိထံမှ ၉မမ ကျည်​ဆံအ​တောင်​့ ၂၀၀၀ ကို ကျပ်​ ၄၄၀၀၀၀၀ ဖြင့် ဝယ်​ယူခဲ့​ပြီး ရန်​ကုန်​မြို့ ၉ မိုင်​ရှိ ဆိုင်​တစ်​ဆိုင်​တွင်​ ကိုတိ၏ ​စေလွှတ်​​သော သူတစ်​​ယောက်​မှတစ်ဆင်​့ ကျည်​ဆန်​များအား ရရှိခဲ့​ကြောင်း သိရသည်​။

ဝယ်​ယူထား​သော ကျည်​ဆန်​များအား မူဆယ်​မြို့သို့ ပို့​ဆောင်​နိုင်​ရန်​အတွက်​ ​ယောက်​ဖ​ တော်​စပ်​သည်​့ ဗိုလ်​ကြီး ညီညီ​ဇော်​ ဆိုသူနှင်​့ တိုင်​ပင်​ခဲ့ရာ မူဆယ်​မြို့သို့ အခ​ကြေး​ငွေဖြင်​့ သယ်​​ပေးမည်​ဟု​ ပြောသဖြင်​့ ချိန်​းဆို၍ ၎င်းထံသို့ ကျည်​ဆန်များအား ယင်​းဆိုင်​တွင်​ပင်​ လွှဲပြောင်​း​ပေးခဲ့ကာ ယင်​း​နေ့တွင်​ပင်​ ကားဖြင်​့ သွားပို့မည်​ဟု​ ပြောဆိုခဲ့​ကြောင်​း စစ်​​ဆေးချက်​အရ သိရသည်​။

ယင်​း​နောက်​ ငါးရက်​ခန်​့အကြာတွင်​ ​ယောက်​ဖ​ တော်​စပ်​သည်​့ ဗိုလ်​ကြီး ညီညီ​ဇော်​ဆိုသူက ပစ္စည်​းများ​ပေးပို့ပြီး ဖြစ်​​ကြောင်​း ဖုန်းဖြင်​့ ဆက်​သွယ်​ခဲ့​ပြောကြားခဲ့ပြီး​နောက်​ ​ဇော်​​ဇော်​ထက်​လူက ပို့​ဆောင်​ခအဖြစ် ကျပ်​ ၁၈ သိန်​းအား​ ပေးခဲ့​ပြီး ပြည်သူ့စစ်​အဖွဲ့ထံမှ ကျည်​ဆန်​ဝယ်​ယူ​ငွေ ကျပ်​သိန်​း ၁၀၀ အား ရရှိခဲ့​ကြောင်​း သိရသည်​။

“ ပထမ ၉ မမ ကျည်​ဆန်​​တွေ ​ရောင်​းစားတာ​ပေါ့။ စစ်​ချက်​အရ​တော့ အဲဒါအပြင်​ ​ဇော်​​ဇော်​ထက်​လူက ဒီနှစ်​ သြဂုတ်​လမှာ မြဝတီကို ကားဝယ်​ဖို့ သွားတယ်​လို့ သိရတယ်။ အဲဒီလိုသွား​တော့ ကိုတိ ဆိုနဲ့သူနဲ့ ​တွေ့တာ​ပေါ့။ ​တွေ့ရင်​းနဲ့ ကိုတိဆီမှာရှိတဲ့ ၇ ဒသမ ၆၅ ကျည်​ဆန်​ အ​တောင်​့ ၁၀၀ ကို ၂၂၀၀၀၀ နဲ့ ဝယ်​ခဲ့တယ်​လို့ သိရတယ်​။ အဲဒီကျည်​ဆန်​​တွေက လှိုင်​သာယာက သူ့အိမ်​မှာ သိမ်​းဆည်းရမိတဲ့ ကျည်​ဆန်​​တွေ​ပေါ့” ဟု မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့က အမည်​မ​ဖော်​လိုသူ အဆင့်မြင့် ရဲအရာရှိတစ်​ဦးက ​ပြောကြားသည်​။

ဆက်​လက်​၍ ၎င်းက “လှည်​းကူးက ဖြစ်​စဉ်​က ကျည်​ဆန်​​တွေ​ပေါ့။ အဲဒီကျည်​ဆန်​​တွေကို အရင်​လ (စက်​တင်​ဘာလ) ပထမအပတ်​က မြဝတီက ကိုတိဆီက​နေ တစ်​​တောင်​့ကို ​ငွေကျပ်​ ၁၀၁၀ နဲ့​ရောင်​းမယ်​ဆိုပြီး ဖုန်​းနဲ့ ဆက်​သွယ်​လာတာ​ပေါ့။ အဲဒီလို ဆက်​သွယ်​​တော့ ​ဇော်​​ဇော်​ထက်​လူက ပြည်​သူ့စစ်​နှစ်​ဖွဲ့ဆီ ဆက်​သွယ်​တယ်​။ ပြီး​တော့ သူတို့ဆီ ကိုယ်​တိုင်​သွားပြီး ကြိုတင်​​ငွေ ၈ရသိန်​း ကို ယူခဲ့တယ်​။ ပြီး​တော့ မူဆယ်​က ပြန်​လာပြီး တစ်​ပတ်​အကြာမှာ မြဝတီကိုသွားတယ်။ ကိုတိဆီက M ၁၆ ကျည်​ ၉၅၀၀​ ကျော်​အတွက်​ ​ငွေကျပ်​ ၉၆ သိန်​းနီးပါး​ ပေးတယ်​လို့ သိရတယ်​။ ဒါက ​ဇော်​​ဇော်​ထက်​လူက ထွက်​ဆိုချက်​ ဖြစ်​တယ်​။ မြဝတီ မူဆယ်​က စစ်​​ကြော​ရေးလမ်​း​ကြောင်​း ကြပ်​​တော့ ရန်​ကုန်​ကို အရင်​သယ်​ပြီး မူဆယ်ကို သယ်​တဲ့ သ​ဘောပါ”ဟု ​ပြောကြားသည်​။

ကျပ်​ ၉၆ သိန်​းခန်​့ ​ပေး​ချေပြီး​နောက်​ ​ယောက်​ဖ​ တော်​စပ်​သည်​့ ဗိုလ်​ကြီး ညီညီ​ဇော်​ဆိုသူထံ ကိုတိ ဖုန်​းနံပါတ်​​ပေးကာ သယ်​ယူပို့​ဆောင်​​ရေးအတွက်​ ဗိုလ်​ကြီး ညီညီ​ဇော်​ ဆိုသူနှင်​့ ကိုတိတို့ ဆက်​သွယ်​​ရေး အဆင်​​ပြေ​စေရန်​​ ဆောင်ရွက်​​ပေးခဲ့ပြီး​နောက်​ ဗိုလ်​ကြီး ညီညိီ​ဇော်​ ဆိုသူထံသို့ ​ပို့​ဆောင်​​ရေး အခ​ကြေး​ငွေအဖြစ်​  ကျပ်​ ၈၀၀၀၀၀ အား​ ပေးထား​ကြောင်​း သိရပြီး ၂၀၁၈ ခုနှစ်​ ​အောက်​တိုဘာ ၂၉ ရက်​တွင်​ ပို့​ဆောင်​​ရေး လမ်​းစရိတ်​အဖြစ်​ ​ကျပ်​ ၃၀၀၀၀၀ ကို ထပ်​မံ​ပေးပို့ခဲ့​ကြောင်း စစ်​​ဆေးချက်​အရ သိရသည်​။

ယင်​းသို့​ ပေးအပ်​ပြီး​နောက်​ ဗိုလ်​ကြီး ညီညီ​ဇော်​က ​ လှည်​းကူးရှိ ကားလက်​မှတ်​ ​ရောင်​းဝယ်​​ရေးဆိုင် ​တစ်​ဆိုင်​မှတစ်ဆင်​့ မူဆယ်​သို့ ပို့​ဆောင်​ရန်​ စီစဉ်​​ဆောင်​ရွက်​စဉ်​ တပ်​မ​တော်​နှင်​့ ရဲတပ်​ဖွဲ့မှ အဆိုပါ ကျည်​ဆန်​များအား သိမ်​းဆည်​းရမိ​ကြောင်​း သိရပြီး လက်​ရှိတွင်​ ကိုတိအား ဖမ်​းဆီးရမိရန်​ တပ်​မ​တော်​နှင်​့ ရဲတပ်​ဖွဲ့မှ ပူး​ပေါင်​းဆောင်​ရွက်​​နေ​ကြောင်း သိရသည်​။