မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်၏ ဇနီးအား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီက ဖမ်းဆီး

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇက်၏ ဝင့်ကြွားလွန်းသောဇနီးဖြစ်သူ ရိုစမာမန်ဆာသည် နာဂျစ်၏အစိုးရအား ပြီးခဲ့သော ရွေးကောက်ပွဲတွင် အရေးနိမ့်စေခဲ့သော ဒေါ်လာဘီလျံများစွာ ခိုးယူခဲ့မှုအရှုပ်တော်ပုံနှင့်ပတ်သက်၍ အောက်တိုဘာ ၃ ရက် တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေ ဂျင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ရဲတင်းသော အပြည်ပြည်ဆိုင်ရာ လိမ်လည်သည့်အဖွဲ့တစ်ဖွဲ့က နာဂျစ်ထူထောင်ခဲ့သော အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB မှ ဒေါ်လာဘီလျံများစွာအား ခိုးယူခဲ့သည်ဟု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးသူများက စစ်ဆေးနေခဲ့ကြပြီး နာဂျစ်သည် အကျင့်ပျက်ခြစားမှုနှင့် ငွေကြေးခဝါချမှုတို့အပါအဝင် စွဲ ချက်နှစ်ဒါဇင်ကျော် စွဲဆိုခံထားရပြီဖြစ်သည်။

ရိုစမာသည် အောက်တိုဘာ ၃ ရက်တွင် မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ၌ နာရီနှင့်ချီ စစ်ဆေး မေးမြန်းခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း ၎င်း၏ရှေ့နေ ကေကူမာရာအင်ဒရန်က ပြော ကြားခဲ့သည်။ အစိုးရရှေ့နေများထံမှ အတည်ပြုချက် ရရှိခဲ့ပြီးနောက် အသက် ၆၆ နှစ်ရှိ ရို စမာအား ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့်ဆက်နွှယ်၍ ဖမ်းဆီးခဲ့ကြောင်း MACC က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ရိုစမာသည် စွဲချက်များ စွဲဆိုခံရမည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် တရားရုံးသို့သွား ရောက်ရမည်ဖြစ်သည်။

စွဲချက်တစ်ခုစီတွင် ပြစ်မှုထင်ရှားပါက ရိုစမာသည် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း MACC တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ ရိုစမာသည် မြို့တော် ကွာလာလမ်ပူအပြင်ဘက် အုပ်ချုပ်ရေးမြို့ တော် ပူထရာဂျာယာရှိ MACC ရုံးချုပ်၌  ထိုနေ့ညကို ကုန်ဆုံးမည်ဖြစ်သည်။

ခင်ပွန်းဖြစ်သူ အာဏာရထားစဉ်အတွင်း အသုံးအဖြုန်းကြီးမှုနှင့် ပိုင်စိုးပိုင်နင်းနိုင်သော အပြုအမူတို့ကြောင့် မလေးရှားတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပုတ်ခတ်ခံခဲ့ ရသော ရိုစမာသည် MACC ၌ စစ်ဆေးမေး မြန်းခံနေရစဉ် နာဂျစ်သည်လည်း ထိုအရှုပ်တော်ပုံနှင့်ပတ်သက်၍ သီးခြားနေရာတစ်ခုတွင် ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခံနေရသည်။ အသက် ၆၅ နှစ်ရှိ နာဂျစ်သည် ၎င်း၏ ကိုယ်ပိုင်ဘဏ်စာရင်းများထဲသို့ ဒေါ်လာသန်းရာပေါင်းများစွာ ရှိနေကြောင်း ဖော်ထုတ်ခံခဲ့ရသော်လည်း မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။

ရိုစမာသည် ပြီးခဲ့သောသီတင်းပတ်ကလည်း MACC ၌ ၁၃ နာရီကျော်ကြာ စစ်ဆေး မေးမြန်းခံခဲ့ရသည်။ အောက်တိုဘာ ၃ ရက်တွင် စစ်မေးခံရမှုသည် ရိုစမာအတွက် တတိယအကြိမ်မြောက် စစ်မေးခံရမှုဖြစ်ခဲ့ပြီး ပထမဆုံးအကြိမ် ဖမ်းဆီးခံရမှုဖြစ်လာခဲ့သည်။ ကုန်ကျစရိတ်များပြားသော ပြည်ပခရီးစဉ်များ၊ ဒီဇိုင်းနာလက်ရာ လက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာများအား နှစ်ခြိုက်မှုတို့အတွက် ရိုစမာသည် ပြည်သူများ ၏အမျက်ဒေါသရှမှုကို ကြုံခဲ့ရပြီး 1MDB မှ တရားမဝင် ခိုးယူထားသောငွေများဖြင့် ၎င်းသည် အကျိုးအမြတ်များ ခံစားနေရသည်ဟု သံသယများ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သောရွေးကောက်ပွဲ၌ နာဂျစ်၏ အာဏာရညွန့်ပေါင်းအဖွဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့အပြီး ကွာလာလမ်ပူတစ်ဝန်းရှိ နာဂျစ်မိသားစုနှင့် ဆက်နွှယ်သောအိမ်ခြံမြေများအား စီးနင်းရှာဖွေခဲ့ရာ လျှို့ဝှက်သိမ်း ဆည်းထားသော ငွေသားနှင့် လက်ဝတ်ရတနာများစွာ၊ ဒေါ်လာ ၂၇၃ သန်းအထိ တန်ဖိုးရှိသော ဒီဇိုင်နာ လက်ကိုင်အိတ်ရာပေါင်းများစွာကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။