ရန်ကုန်တိုင်းအစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များအား ငှားရမ်းထားသည့် နိုင်ငံပိုင်ငါးကန်များ ပြန်လည်အပ်နှံမှုမရှိသဖြင့် ဥပဒေနှင့်အညီအရေးယူပေးရန် တိုက်တွန်း

ရန်ကုန်တိုင်းအစိုးရမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ငှားရမ်းထားသည့် နိုင်ငံပိုင်ငါးကန်များ ပြန်လည်အပ်နှံမှု မရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တိုက်တွန်းကြောင်း ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောကြားသည်။

အဆိုပါကိစ္စအား အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော် မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက ပြောကြားသည်။

“နိုင်ငံပိုင် ငါးကန်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငှားရမ်းပြီး ပြန်လည်အပ်နှံရန် အကြောင်းကြားသော်လည်း အပ်နှံမှုမရှိသေးတာကို အစီရင်ခံစာမှာ ဖော်ပြထားတယ်။ နိုင်ငံပိုင် ငါးကန်းများ ပြန်လည်ရရှိရေးအတွက် ဥပဒေအညီအရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု လွှတ်တော်ကိုယ် စားလှယ် ဒေါ်စိုးပပလှိုင်က ပြောကြားသည်။

အစီရင်ခံစာအရ တွံတေးမြို့နယ်တွင် ၂၄၁၈ ဒသမ ၄၆ ဧကတွင် လိုင်စင်ကောက်ခံခြင်း မရှိသည့် တွံတေးငါးလုပ်ငန်းစခန်းပိုင် ၁၂၃၃ ဒသမ ၄၆ ဧက၊ ရန်ကုန်တပ်နယ်ပိုင် ၅၅၃ဧကနှင့် ကျန် ၆၃၂ ဧကသည် ငါးမွေးမြူ သည်ငါးကန်များတွင် ပုစွန်များကိုပါ ရောနှောမွေးမြူထားကြောင်း ဒေါ်စိုးပပလှိုင်က ပြောကြားသည်။

“ရသင့်ရထိုက်တဲ့ လိုင်စင်ခဝင်ငွေများ ပြည့်ဝစွာရရှိရေးအတွက် ငါး၊ ပုစွန်၊ ကဏန်း မွေးမြူတဲ့ ဧကစာရင်းများနဲ့ မြေပြင်အမှန်စာ ရင်းများကို ကိုက်ညီမှန်ကန်စေဖို့အတွက် ဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်စိုးပပလှိုင်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း လိုင်စင် ကောက်ခံမှုမရှိသည့် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူ ရေးကန်များနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့်သစ်တောရေးရာ ကော်မတီ၏ ၂၀၁၆-၂၀၁၇ ခုနှစ် အစီရင်ခံ စာတွင်လည်း အလားတူဖော်ပြခဲ့ပြီးဖြစ် ကြောင်း၊ ကော်မတီ၏ ကွင်းဆင်းလေ့လာမှုများအရ လိုင်စင်ရယူထားပြီး အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း၊ မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ မြေဧရိယာကွဲလွဲပြီး ပိုင်ဆိုင် မှုအထောက်အထားမှားယွင်းစွာ ဖော်ပြမှုများကြောင့် ရသင့်ရထိုက်သည့် လိုင်စင်ခဝင်ငွေများ ရရှိခြင်းမရှိဘဲ နိုင်ငံ့ ဘဏ္ဍာများဆုံးရှုံးမှု များရှိနေကြောင်း ဒေါ်စိုးပပလှိုင်က ပြောကြားသည်။