ချန်ပီယံလိဂ်ပွဲစဉ်(၄) ပထမနေ့ ပွဲကြိုသုံးသပ်ချက်

စပါးတပ်မော်စကို နှင့် မာရီဘော (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ည ၁၁း၃၀)

ရုရှားချန်ပီယံ စပါးတပ်မော်စကိုရဲ့ အိမ်ကွင်းရလဒ်တွေ က အားရစရာကောင်းတယ်။ လီဗာပူးလ်ကို သရေကစားခဲ့သ လို ဆီဗီလာကိုလည်း အံ့အားသင့်စရာရလဒ်ဖြစ်တဲ့ (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကိုတွေ့ရတယ်။ ဆီဗီလာက လီဗာပူးလ်နဲ့ ကစား ရမယ့်အနေအထားမှာ သရေ၊ ရှုံးပွဲတွေတွေ့ခဲ့ရင် စပါးတပ်မော် စကိုက ဒီပွဲကိုအနိုင်ကစားပြီး အုပ်စုဒုတိယနေရာ ပြန်ရောက် လာလိမ့်မယ်။ ဒါကြောင့် အိမ်ကွင်းပွဲစဉ်မှာ အမှားခံမှာမဟုတ် ဘူး။ မာရီဘောကွင်းမှာတုန်းက ခြေသာလျက်နဲ့ သရေကျခဲ့ပေ မယ့် ဒီပွဲကတော့ အိမ်ကွင်းမှာ စပါးတပ်မော်စကို အနိုင်ကစား မယ့်ပွဲပါ။

ဘက်ဆစ်တက် နှင့် ပေါ်တို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ည ၁၁း၃၀)

နှစ်သင်းစလုံးက လမ်းကြောင်းမှန်ပေါ် မှာရှိနေပြီး နောက် တစ်ဆင့်တက်ဖို့ အခြေအနေကောင်းပါတယ်။ အထူးသဖြင့် ဘက်ဆစ်တက်က တစ်မှတ်ပဲ လိုတော့တဲ့အနေအထားဖြစ်ပြီး အိမ်ကွင်းမှာ သရေကစားရုံနဲ့ အုပ်စုဗိုလ်နေရာ သေချာသွားပါ ပြီ။ ပေါ်တိုကလည်း ဒီပွဲကို သရေထိန်းကစားနိုင်ရင် နောက်ဆုံး ပွဲမှာ အိမ်ကွင်းပွဲစဉ်ပြန်ကစားရမှာဖြစ်လို့ မဆိုးပါဘူး။ သရေပဲ ကျသွားဖို့များပါတယ်။

ဆီဗီလာ နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

ဆီဗီလာက စပါးတပ်မော်စကိုအသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး ဒုတိယနေရာကို တက်လာတယ်။ အိမ်ကွင်းမှာ လီ ဗာပူးလ်ကို အနိုင်ကစားလိုက်ရင်တော့ အမှတ်ပေးဇယားထိပ် ဆုံးကို ရောက်သွားပါလိမ့်မယ်။ နှစ်သင်းစလုံးက ဥရောပအဆင့် မှာ အစဉ်အလာကြီးမားတဲ့အသင်းတွေဖြစ်ပြီး ကစားသမား ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားကြတယ်။ လူအင်အားရော၊ ခြေစွမ်းပါ သိပ်မကွာကြဘူးလို့ ပြောနိုင်ပေမယ့် လက်ရှိ ခြေစွမ်း အရဆိုရင်တော့ လီဗာပူးလ်ပိုကောင်းပါတယ်။ အဝေးကွင်းဖြစ် လို့ အခက်အခဲတွေရှိပေမယ့် သရေတော့ထိန်းကစားနိုင်တယ်။

မန်စီးတီး နှင့် ဖီယင်နု (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

မန်စီးတီးက ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက် တစ်ဆင့်ကို တက်ပြီးပါပြီ။ အဝေးကွင်းမှာတုန်းက ဖီယင်နုကို (ဝ-၄)ဂိုးနဲ့ လွယ်လွယ်ကူကူ အနိုင်ရခဲ့သလို၊ ဒီပွဲမှာလည်း အမှား အယွင်းမရှိ အနိုင်ယူဦးမှာပါ။ အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲအ တွက် အပိုဆုကြေးယူမယ့် မန်စီးတီး ဂိုးပြတ်သွင်းဦးမယ်။

နာပိုလီ နှင့် ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

နာပိုလီက စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးကဦးဆောင်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ တော်တော်လေး ခက်ခဲတဲ့အနေအထားနဲ့ ကြုံတွေ့နေရတယ်။ မန်စီးတီးက (၄)ပွဲစလုံးနိုင်ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာသွားသလို၊ ဒီပွဲ မှာ ကစားရမယ့် ပြိုင်ဘက် ရှက်တာဒိုးနက်ကလည်း လက်ကျန်နှစ်ပွဲအလိုမှာ နာပိုလီကို (၆)မှတ်ဖြတ်ထားတယ်။ နာပိုလီ အနေနဲ့ ရှက်တာဒိုးနက်နဲ့ ဖီယင်နုတို့ကို (၂)ပွဲဆက်အနိုင်ကစားပြီး၊ ရှက်တာဒိုးနက်ကလည်း ဒီပွဲနဲ့ မန်စီးတီးတို့ကို ဆက် တိုက်ရှုံးမှ နာပိုလီက နောက်တစ်ဆင့်ကို တက်နိုင်မယ့်အနေအထားပါ။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိနေသေးတာကိုလည်းတွေ့ရ တယ်။ နာပိုလီအသင်းအနေနဲ့ ဒီပွဲကို အနိုင်ကစားထားနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပြီး ဒီပွဲနိုင်ရင် နောက်ဆုံးပွဲအတွက် မျှော် လင့်ချက် ရှိလာပါလိမ့်မယ်။ လက်ရှိအနေအထားအရ ရှက်တာဒိုးနက်ကလည်း တော်တော်လေးအားကောင်းနေပြီး ယူက ရိန်းပြည်တွင်းလိဂ်မှာလည်း (၅)မှတ်ဖြတ်ဦးဆောင်နေတယ်။ အသင်းက ဘားနက်၊ ဒန်တင်ဟို၊ တိုင်ဆန်၊ ဖရက်ဒ်တို့ ခြေစွမ်း ပြနေကြပြီး၊ အာဂျင်တီးနားတိုက်စစ်မှူး ဖာရေးရားက ဒီရာသီပြိုင်ပွဲစုံမှာ (၁၆)ဂိုးအထိ သွင်းယူထားတာတွေ့ရတယ်။ နာပို လီကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့တုန်းကလည်း သူ ဂိုးသွင်းနိုင်ခဲ့တယ်။ နာပိုလီအနေနဲ့ ဖာရေးရား၊ တိုင်ဆန်၊ မာလို့စ်တို့ကို ထိန်းချုပ်ထားနိုင်မှ ရလဒ်ကောင်းမှာဖြစ်ပြီး လက်ရှိခြေစွမ်းနဲ့ တိုက်စစ်ပိုင်းကြောင့် ဂိုးမရမှာတော့ ပူစရာမရှိပါဘူး။ နာပိုလီ ခက်ခက်ခဲခဲကစားပြီး အနိုင်ရသွားမယ်ထင်တယ်။

မိုနာကို နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

ဘက်ဆစ်တက်က ပေါ်တိုကို အနိုင်ကစားပြီး၊ မိုနာကိုက လည်း လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်မယ်ဆိုရင် ဒီအုပ်စုမှာ ဘက်ဆစ်တက်က အုပ်စုဗိုလ်ဖြစ်ပြီး၊ ကျန်(၃)သင်း က နောက်ဆုံးပွဲမှာ အုပ်စုဒုတိယနေရာ အပြိုင်လုရပါလိမ့်မယ်။ ပေါ်တို ဘယ်လိုရလဒ်ထွက်ထွက် မိုနာကိုက ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကလည်း အရေးကြီးနေလို့ အနိုင်ကစားရမှာပါ။ မိုနာ ကိုပဲ နိုင်ပါလိမ့်မယ်။

အပိုးလ်နီကိုးရှား နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

ရီးယဲလ်က စပါးနဲ့ (၃)မှတ်အကွာ ဒုတိယနေရာမှာ ရှိနေ တယ်။ စပါးသာ ဒေါ့မွန်ကို ရှုံးခဲ့ရင် ရီးယဲလ်က အုပ်စုဗိုလ်နေရာ မျှော်လင့်ခွင့်ရှိပါသေးတယ်။ အုပ်စုဒုတိယသာဖြစ်ခဲ့မယ်ဆိုရင် ရှုံးထွက်အဆင့်မှာ ပွဲပိုကျပ်မယ့်အနေအထားကို ရှောင်ဖို့အ တွက် ရီးယဲလ် လက်ကျန်နှစ်ပွဲစလုံးကို အာရုံစိုက်ကစားသွား မှာပါ။ စပါးကို ရှုံးခဲ့တဲ့ပွဲမှာ အမှားကျူးလွန်ခဲ့ပေမယ့် ဒီပွဲတော့ ရီးယဲလ် ဂိုးပြတ်သွင်းပါလိမ့်မယ်။

ဒေါ့မွန် နှင့် စပါး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ နံနက် ၂း၁၅)

စပါးက အုပ်စုတွင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့အသင်း ဖြစ်ပြီး ဒီပွဲပြီးရင် အပိုးလ်နဲ့ အိမ်ကွင်းပွဲစဉ် ကစားရဦးမှာဖြစ်လို့ သရေတစ်မှတ်ရရုံနဲ့ အုပ်စုဗိုလ်နေရာရပါပြီ။ ဒါကြောင့် ရှုံး ထွက်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် အာရုံစိုက်ကစား ဦးမှာပါ။ ဒါပေမဲ့ အိမ်ကွင်းမှာတုန်းက ဒေါ့မွန်ကို အနိုင်ရခဲ့ပေ မယ့် ဒေ့ါမွန်က ပိုကောင်းခဲ့သလို၊ အခု ဒေါ့မွန်ကွင်းမှာလည်း စ ပါး မယှဉ်နိုင်လောက်ဘူး။ ဒေါ့မွန်ပဲ ကြိုက်တယ်။