ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

 

လိုက်ပ်ဇစ် နှင့် ဟန်နိုဗာ (စနေည ၉း၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း အမှတ်ပေးပွဲနောက်ဆုံးပွဲမှာ ဘိုင်ယန် ကိုအရေးနိမ့်ခဲ့ရပေမယ့် ပုံမှန်ခြေစွမ်း တော့ ပျက်စီးသွားဖို့ လမ်းမမြင်ဘူး။ ဒါပေမဲ့ ကြားရက်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ယှဉ်ပြိုင်ကစားခဲ့ရတာကိုတော့ ထည့်တွက်ရလိမ့်မယ်။ ဟန်နို ဗာကတော့ ဒေါ့မွန်ကို အနိုင်ကစားထားလို့ ယုံကြည်မှုမြင့်နေနိုင် ပြီး လိုက်ပ်ဇစ်ကို ဒုက္ခပေးဦးမှာပါ။
ဟန်နိုဗာပဲ ကြိုက်တယ်။

ဖရိုင်းဘတ် နှင့် ရှော်လ်ကေး (စနေည ၉း၀၀ နာရီ)

ဖရိုင်းဘတ်အသင်း ဒီရာသီအိမ်ကွင်း(၅)ပွဲကစားခဲ့ရာမှာ (၁)ပွဲသာ အနိုင်ရခဲ့ပေမယ့် ရှုံးပွဲမရှိသေးပါဘူး။ အသင်းက တန်း ဆင်းဇုန်အန္တရာယ်စက်ဝန်းနားကပ်နေလို့ အတတ်နိုင်ဆုံးရုန်း ကန်မှာ သေချာပါတယ်။ ရှော်လ်ကေးကတော့ ဒီရာသီ အဝေး ကွင်းရလဒ်ပိုင်း အနည်းငယ်မြင့်တက်လာပေမယ့် ကံကြမ္မာဖေး မမှုတွေပါပါတယ်။
ဖရိုင်းဘတ်နဲ့ပဲ စွန့်စားသင့်တယ်။

မိုချန်ဂလာဘတ် နှင့် မိန့်ဇ် (စနေည ၉း၀၀ နာရီ)

မိုချန်ဂလာဘတ်ရဲ့ဒီရာသီခြေစွမ်းက အတော်လေးစဉ်းစား ရကျပ်ပါတယ်။ အိမ်ကွင်းမှာတောင် အရင်လောက် စိတ်ချရတဲ့ အဆင့်မှာ မရှိတော့ဘူး။ မိန့်ဇ်အသင်းရဲ့ ဒီရာသီ အဝေးကွင်းပွဲ တွေမှာ ဝုလ်ဖ်ဘတ်ကိုသာ သရေကျပြီး ပွဲတိုင်းရှုံးထားတဲ့ စွမ်း ဆောင်ရည်ညံ့ဖျင်းမှုကပဲ အဆုံးအဖြတ်ပေးသွားဖို့ရှိတယ်။
မိုချန် နိုင်ပွဲဆက်ဖို့များတယ်။

အော့စ်ဘတ် နှင့် လေဗာကူဆင် (စနေည ၉း၀၀ နာရီ)

အော့စ်ဘတ်က အိမ်ကွင်း(၂)ပွဲဆက် အရေးနိမ့်ထားတဲ့ အသင်းပါ။
ဒါပေမဲ့ နောက်ဆုံးပွဲမှာ တန်းဆင်းဇုန်ထဲရောက်နေ တဲ့ ဝါဒါဘရီမင်ကို ဂိုးပြတ်အနိုင်ယူခဲ့လို့ အသင်းက ရာသီအစ ပုံစံပြန်သွားမလား စောင့်ကြည့်ရမယ်။ အိမ်ကွင်းတွေ့ဆုံမှုတွေ မှာတော့ အော့စ်ဘတ်တို့ လေဗာကူဆင်ကို အနိုင်မရဖူးပါဘူး။ ဒါပေမဲ့ အော့စ်ဘတ် သရေတစ်ပေါက်တော့ ရနိုင်တယ်။

ဟမ်းဘတ် နှင့် စတုဂတ် (စနေည ၉း၀၀ နာရီ)

ဟမ်းဘတ်အသင်း ဒီလိုပွဲမျိုးမှာ အမှတ်ပြည့်ယူထားနိုင်မှ ရာသီကုန်ဇာတ်သိမ်းလှနိုင်တယ်။
ဟမ်းဘတ် အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

ဒေါ့မွန် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၂း၀၀နာရီ)

ဒေါ့မွန်အသင်းက အတော်လေး ပုံစံ ပျက်သွားခဲ့တယ်။ ဘွန်ဒစ်လီဂါပွဲစဉ် (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရာမှာ တိုက်စစ် ကတော့ ဘာမှထောက်ပြစရာမရှိပါဘူး။ ပုံမှန် (၁)ပွဲကို အနိမ့်ဆုံး(၂)ဂိုးနှုန်းသွင်းပေးနေတာပါ။ အသင်းဂိုးသွင်းဘုရင် အူဘာမီ ယန်း အမှတ်ပေးပွဲ(၂)ပွဲဆက် ဂိုးပေါက်ပျောက်ထားခဲ့တာပဲ အနည်းငယ်စိုးရိမ်စရာရှိပါတယ်။ ဒေါ့မွန်အသင်းရဲ့အားနည်းချက်ကို တော့ ထွေထွေထူးထူး ရှာဖွေစရာမလိုပါဘူး။ ခံစစ်ပိုင်း

ပြီးခဲ့သည့်ရာသီတွေ့ဆုံမှုတွင်
ဒေါ့မွန်အသင်းဘက်သို့ ခေါင်းတိုက်ဂိုးသွင်းယူရန် ကြိုးစားနေသည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး
လီဝန်ဒေါစကီး
Photo: AP

ဒဏ်ရာပြဿနာတွေကြောင့် အပြောင်းအလဲများလို့ အခုအခြေအနေကို ဆိုက်ရောက်ခဲ့တာပါ။ အခုပွဲမှာ တော်ယန်း ပြန်ပါလာဖွယ်ရှိလို့ ညာခြမ်းထွက်ကစားနေတဲ့ ဘာထရာ အတွင်းပြန်ဝင်ဖို့ရှိပြီး ကွင်းလယ်မှာ ဝိုင်ဂယ်လ်၊ ဂယ်ဟေရိုတို့ကို ထုတ်သုံးရင် အသင်းပိုငြိမ်သွားလိမ့်မယ်။ ဘိုင်ယန်က ၄-၂-၃-၁၊ ၄-၃-၃ ဘယ်ကစား ကွက်ပဲသုံးသုံး ပြဿနာမရှိပါဘူး။ သီယာဂိုကို နေရာပြောင်းလဲကစားခိုင်းတာပဲရှိပါတယ်။ သရေတစ်ပေါက် မျှော်လင့်ခွင့်ရှိတဲ့
ဒေါ့မွန်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်