စီးရီးအေပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် - လာဇီယို ( မြန်မာစဲတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၁၀း၃၀)

ဒီရာသီမှာ လာဇီယိုဟာ တန်းတစ်ခုမြင့်သွားတယ်ဆိုပေ မယ့် နာပိုလီ၊ ဂျူဗင်တပ်စ်တို့လိုအနေအထားမျိုး မရောက်သေး ပါဘူး။ ဒဏ်ရာပြဿနာတွေများနေပေမယ့် အိမ်ကွင်းမာဂုဏ်
ကြောင့် ဂျူဗင်တပ်စ် ပုံစံသိပ်ပျက်မယ်မထင်ဘူး။ နှစ်သင်းစလုံး ခံစစ်အားနည်းချက်ရှိနေလို့ ဂိုးတွေမြင်ရမှာ သေချာပါတယ်။ ဂျူ ဗင်တပ်စ် နိုင်ပါလိမ့်မယ်။

ရိုးမား - နာပိုလီ ( မြန်မာစဲတော်ချိန် ၁၅-၁၀-၂၀၁၇ နံနက် ၁း၁၅)

ရိုးမားက တဖြည်းဖြည်းနဲ့ စနစ်တကျပိုရှိလာပြီး (၄)ပွဲ ဆက်နိုင်ထားတယ်။ ဒါပေမဲ့ တိုက်စစ်လမ်းကြောင်းဖန်တီးရာမှာ နာပိုလီက ပိုမိုထက်မြက်ပြီး ဂျက်ကိုတစ်ဦးတည်းကို မှီခိုနေရတဲ့ ရိုးမားထက် ဂိုးသွင်းနိုင်သူတွေလည်း ပိုမိုပါဝင်နေတယ်။ နောက် ဆုံး(၃)နှစ်ဆက် ရိုးမားကွင်းမှာ နှစ်သင်းပေါင်း ဂိုးနည်းခဲ့ပေမယ့် ဒီတစ်ခါဂိုးများနိုင်တယ်။ နာပိုလီ အမှတ်ရမယ်။